AuthorsDen.com   Join Free! | Login    
USA Independence Day
   Popular! Books, Stories, Articles, Poetry
Where Authors and Readers come together!

SIGNED BOOKS    AUTHORS    eBOOKS new!     BOOKS    STORIES    ARTICLES    POETRY    BLOGS    NEWS    EVENTS    VIDEOS    GOLD    SUCCESS    TESTIMONIALS

Featured Authors:  Dietmar Rothe, iErnie Heavin, iDanae Wilkin, iBrainard Braimah, iJames McClelland, iCHANTI LACE, iCraig Nagasugi, i

  Home > Family > Articles Popular: Books, Stories, Articles, Poetry     

DARAGRA PHONEKYAW

· + Follow Me
· Contact Me
· Articles
· Stories
· 14 Titles
· Save to My Library
· Share with Friends!
·
Member Since: Aug, 2009

DARAGRA PHONEKYAW, click here to update your pages on AuthorsDen.



ဘ၀အသက်တာ
by DARAGRA PHONEKYAW   
Rated "R" by the Author.
Last edited: Thursday, January 28, 2010
Posted: Thursday, January 28, 2010

  Print   Save    Follow    Share 

Recent articles by
DARAGRA PHONEKYAW

TO HAVE A PEACE FOR THE WORLD
No one can serve two masters(Dog & God)
I call you now challenge !
SECOND COMING OF JESUS CHRIST
You all must produce fruit in keeping with repentance
True Light comes with New Age (စစ်မှန်သော
Time is coming and has now come when the dead will hear the voice of the Son of God and those who he
           >> View all

ကျွန်ုပ်တို့ လူသားတွေဟာ မွေးဖွါးစကပင် သေဆုံးကြသည်အထိ ခရီးရှည်တစ်ခုကို သွားနေကြရပါတယ်။

ကျွန်ုပ်တို့ လူသားတွေဟာ မွေးဖွါးစကပင် သေဆုံးကြသည်အထိ ခရီးရှည်တစ်ခုကို သွားနေကြရပါတယ်။ ဘယ်အရပ်သို့ ဘာအတွက်ကြောင့်ခရီးသွားနေရသလဲ ဆိုတာ လူတွေဟာ ရှာဖွေယင်း သွားနေရဆဲ ဖြစ်နေခဲ့ပါတယ်။ လူလားမြောက်လာတဲ့အခါ နယ်ပယ်တစ်ခုမှာဝင်ရောက်ပါဝင် လာခဲ့ကြရသလို၊ ထိုနယ်ပယ်အတွင်းမှာ ပါဝင်စီးမြောနေယင်းက၊ မိမိဟာ ထိုအမှုတွေထဲမှာပဲ ဘယ်လိုဦးတည်ချက်နှင့် ဘာအတွက်ရယ်လို့ မသဲမကွဲလိုက်လျှောက်နေကြရဆဲဖြစ်ပေသည်။ နယ်ပယ်အသီးသီးမှာ ကျင်လည် လိုက်ပါနေကြရတဲ့ လူအုပ်ကြီးထဲက လူသားတွေဟာ ၊ အချိန်ကြာလာတဲ့အခါ ၊လူအချင်းချင်း ကြားမှာ အလိုမကျတာတွေ၊ အမြင်မကြည်လင်တာတွေ၊ မကျေမချမ်းခံစားရတာတွေ၊ တစ်ဦးခေါင်းကို တစ်ဦးက တက်နင်းတာတွေ၊ တစ်ဦးရဲ့ခြေကို တစ်ဦးက ထိုးခတ်တာတွေ၊ တစ်ဦးရဲ့အညွန့်ကို တစ်ဦးက ချိုးနှိမ်တာတွေ လုပ်လာကြတယ်။ ခံစားလာကြရတယ်။ တစ်ဦးအပေါ် တစ်ဦးက အနိုင်ကျင့် ဗိုလ်ကျစိုးမိုးလာကြတယ်၊ ခံစားလာကြရတယ်။ ထိုအခါမျိုးတွေမှာ ခံရသူက ထိုနေရာက ထွက်ခွါသွားလိုကြတယ်။ ထိုနည်းတူ အနိုင်ယူလိုသူကလည်း အခွင့်မရတဲ့အခါ ရနိုင်မည့်နေရာသစ်တစ်ခုဆီကို ရွှေ့ပြောင်းချင်ကြတယ်။ ရေကြည်ရာ ၊မြက်နုရာကို ရှာဖွေတယ်လို့ဆိုပေမဲ့လည်း၊ အမှန်တကယ်တော့ မိမိအတွက် လက်ရှိနေရာရှိ လူမှုအသိုင်းအ၀န်းထဲမှ ဝေးတဲ့ အခြားနေရာသစ်တစ်ခုဖြစ်သော၊ အခွင့်အရေးရနိုင်မည့်၊ အခွင့်ရေးရှိမည့် နေရာသစ်တစ်ခုကို ပြေးထွက်လိုကြတာဖြစ်တယ်။ ရှောင်ထွက်သွားလိုကြတာဖြစ်တယ်။ မိသားစုအချင်းချင်းထဲက၊ သူငယ်ချင်းမိတ်ဆွေအချင်းချင်းထဲက၊ လုပ်ငန်းနယ်ပယ်အတွင်းက လူအချင်းချင်းထဲက ၊ နယ်ပယ်အသီးသီးက အခြေအနေတွေအထဲက အမှုအရာတွေများစွာအတွင်းက ပြေးထွက်လိုကြ၊ ရှောင်ထွက်သွားလိုကြပေမည်။

ကျွန်ုပ်သည်ပင် ထိုကဲ့သို့ဖြစ်ခဲ့ရပါတယ်။ ထိုနည်းတူ အခြားလူသားများသည်လည်း ကျွန်ုပ်ကဲ့သို့ဖြစ်ဖူးကြမည်၊ ကြုံဖူးကြပေမည်။ ကျွန်ုပ်အနေနှင့် လက်ရှိလုပ်ငန်းနယ်ပယ်မှသည် အခြားသောနေရာသစ်သို့ ပြောင်းရွှေ့ ချင်ခဲ့သည့် အကြိမ်ဟာ မရေတွက်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း ကျွန်ုပ် မအောင်မြင်ခဲ့ပါ။ နောက်ဆုံးတော့ ထိုအမှုအတွက် ၂၀၀၈ ခုနှစ်၊မေလ ၃၁ ရက်၊ စနေနေ့မှာ ကျွန်ုပ်ဟာ ဘုရားသခင်ဆီကို အကူအညီပေးဘို့ ဆုတောင်းခဲ့ရပါတယ်။

အို ကောင်းကင်ဘုံအရှင် ထာဝရဘုရားသခင် ၊

ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသောဘုရားသခင်၊

ခပ်သိမ်းသောအရာတို့ကို စီရင်ပိုင်သောဘုရားသခင်၊

ခပ်သိမ်းသောအမှုတို့ကို တက်စွမ်းနိုင်သော ဖန်ဆင်းရှင်ဘုရားဖြစ်ပါတယ်။

ကျွန်ုပ်၏အမှုကို ကိုယ်တော်လက်တော်ကို အပ်နှံပါတယ်။ ကျွန်ုပ်သည် လက်ရှိလုပ်ငန်းနယ်ပယ်မှ အခြားသောအလုပ်တစ်ခုကို ပြောင်းချင်ပါတယ်။ လက်ရှိလုပ်ငန်းနယ်ပယ်မှာ ကျွန်ုပ်ဘ၀အတွက် တိုးတက်ရာ အခွင့်အလမ်းမရှိပါ။ လစာလည်းမလောက်ငှ၊ လုပ်ငန်းနှင့်ဆိုင်တဲ့ ပညာရပ်ကျွမ်းကျင်မှုဆိုတာလည်း ဘာမှ မရ။ ကျွန်ုပ်အတွက် တိုးတက်မှုရှိသော၊ ကျွန်ုပ်သင်ယူထားသော ပညာရပ်ဖြင့် အသုံးချလို့ရသော၊ လစာကောင်းသော၊ လုပ်ငန်းနှင့်လူမှုနယ်ပယ်တွင် အရေးပါအရာရောက်နိုင်သော နေရာသို့ ပြောင်းရွှေ့လုပ်ကိုင်ချင်ပါတယ်။ ဘုရားသခင် ပြင်ဆင်ပေးတော်မူပါ။ ထိုအလုပ်ရှိသော၊ နေရာသို့ သွားနိုင်မည့်အခွင့်အလမ်းနှင့် အလုပ်ကို ပေးသနားတော်မူပါ။

ကယ်တင်ပိုင်ရှင်ဖြစ်တော်မူသော သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြုလျက် ဆုတောင်းပါ၏။ အာမင်။

ဘုရားသခင်က ကျွန်ုပ်ကို အကောင်းဆုံးသောအဖြေတစ်ခုကို ပေးခဲ့ပါတယ်။ ထိုအဖြေဟာ ကျွန်ုပ်တစ်ယောက်တည်းအတွက်သာမက ၊ လူသားအားလုံးအတွက် ဖြစ်တဲ့၊ လူသားအားလုံးနှင့်ဆိုင်တဲ့ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်မို့ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ချစ်သော ညီအကို မောင်နှမ အပေါင်းတို့ထံ ပြန်လည် ဝေငှပေးလိုက်ပါတယ်။

၃၁-၀၅-၂၀၀၈(၀၄း၃၀)

ချစ်သား၊ သင်၏ဆုတောင်းစကားသည် လျောက်ပတ်ပေ၏။ ချစ်သား ၊သင်၏ အဖြစ်ကို ပြန်ဆန်းစစ်ကြည့်ကြရအောင်။

သင်သည် (သင့်ဘ၀အသက်တာ) နွားလှည်းတစ်စီးမှာ (သင်၏ အသိဥာဏ်ပညာ၊ အတက်ပညာကိုအားကိုးတဲ့မာန်မာန) နွားထီးတစ်ကောင် နှင့် (လူတိုင်း၏ အလေးထားခြင်း၊ အရေးတယူလုပ်ခြင်း၊ ချီးမွမ်းခြင်း၊ ပစပေးခြင်း၊ နေရာတကာမှာ ရှေ့တန်းတင်ဦးစားပေးခြင်းကို ရယူလိုမှုတဏှာ) နွားမတစ်ကောင်ကို ထမ်းပိုးတပ်ဆင်လျက် ခရီးရှည်တစ်ခုကို မရပ်မနားမောင်းသွားနေတဲ့ လူတစ်ယောက်နှင့် တူတယ်။ လှည်းရဲ့နောက်ခပ်လှမ်းလှမ်းမှာလည်း (အကျိုးစီးပွါးလာဘ်လာဘ၊ ငွေကြေးစည်းစိမ်၊ လစာကောင်းကောင်းရလိုမှု စတဲ့ စွဲလမ်းခြင်း) နွားပေါက်ငယ်လေး တစ်ကောင်ကိုလည်း စောင့်ခေါ်လာခဲ့တယ်။ ရှည်လျားတဲ့တောအုပ်တွေ၊ တောတန်းတွေကိုဖြတ်၊ တောင်ဆွယ်တွေကို ကွေ့ပတ်ကာ ၊ မြို့ရွာကျေးလက် ဒေသများတစ်လျှောက် မရပ်မနား သွားနေတဲ့ လှည်းမောင်းသမား ခရီးသွားဖြစ်နေတယ်။ သင်ဟာ အလျင်တဆောနဲ့ နွားလှည်းကို အမြန်မောင်းနေတယ်။ ထိုသို့မောင်းနေယင်းက နောက်မှလိုက်လာတဲ့ နွားပေါက်ငယ်လေးကိုလည်း သင် စောင့်ခေါ်လိုက်၊ လှည်းဆက်မောင်းလိုက်နှင့် ခရီးမတွင်တဲ့သူလို ဖြစ်နေရပြန်တယ်။ တကယ်တော့လည်း သင်ဟာ ခရီးသွားနေပေမဲ့၊ ဘယ်ခရီး၊ဘယ်အရပ်သို့ သွားနေမှန်း သင်ကိုယ်တိုင်အတိအကျမသိဖြစ်နေတယ်။ သင့်ရှေ့တူရူရာအရပ်ရှိ လမ်းအတိုင်းလိုက်ပါမောင်းနှင်နေယင်း ၊ လမ်းဆုံးလျှင်တော့ ရွာတွေ့မှာဘဲဆိုကာ သင်ဟာ မရပ်မနားမောင်းသွားနေတဲ့ သူဖြစ်နေတယ်။ တွေ့တဲ့ ရွာတွေကိုလည်း ကျော်ဖြတ်ခဲ့ပြီး မနားသေးပါလားကွယ်။ အခုတော့ သင်မောနေပြီပေါ့။ ငါ့အရိပ်အောက်မှာ ခဏလောက် နားပြီး အမောဖြေပါဦးကွယ်။ ငါ(ဘုရားသခင်)သည် သင့်အတွက် နားခံနိုင်မည့် အကြောင်းအရာတစ်ခုကို ပြောပြမယ်။ အနားယူ အမောဖြေယင်း ခံယူပါ ချစ်သား။

*** တောအုပ်ကြီးတစ်ခုထဲမှာ ဆင်ရိုင်းတစ်အုပ်နေထိုင်ကြတယ်။ ဆင်တို့သည် ဆင်တို့၏ ခွန်အားနှင့်အမျှ ဆင်တို့၏ မာန် ၊ ဆင်တို့၏ ဒေါသ အရိုင်းစိတ်တို့ဖြင့် ကိုယ်စီကိုယ်စီရှိနေကြတယ်။ တောဆင်ရိုင်း တစ်ကောင်ဟာ ၄င်း၏ ပင်ကိုယ် ဇာတိအရိုင်းစိတ်အတိုင်း၇ှိကြသလို ၊တောဆင်ရိုင်းတို့ မည်သည် ထိုကဲ့သို့ရှိကြလေတယ်။

တစ်နေ့တွင် ထိုဆင်ရိုင်းတို့သည် ၄င်းတို့၏တောတွင်းမှာပဲ လူတို့၏အ၇ှင်သခင် ဘုရင်မင်းမြတ်နှင့် ဆိုင်ပြိုင်တိုက်ခိုက်ကြလေတယ်။ ထိုကဲ့သို့ ဆိုင်ပြိုင်တိုက်ခိုက်ကြရာတွင် လူတို့အရှင်သခင်ဘုရင်မင်းမြတ်သည် အောင်နိုင်ပြီး၊ တောဆင်ရိုင်းတစ်အုပ်လုံးကို ဖမ်းဆီးကာ လူတို့နေရာ နန်းမြို့တော်ကြီးဆီကို ခေါ်ဆောင်သွားကြပါတယ်။ စစ်ပွဲမှာ ဆင်ရိုင်းတို့၏ ဖခင်ခေါင်းဆောင် ဆင်ကြီးသည် ဘုရင်မင်းမြတ်၏ မြှားမှန်ကာ ၊ မြှားဆိပ်ဒဏ်ကြောင့် ဒုက်ခဘ၀သို့ပြောင်းကာ ၊ ဆင်၏အစွမ်းသတ္တိ၊ ဆင်၏ခေါင်းဆောင် အရည်အချင်းတို့သည် လူတို့အရှင်သခင်ဘုရင်မင်းမြတ်ရှေ့မှောက်မှာ အချည်းအနှီးဖြစ်သွားရလေတော့သည်။ သို့သော်လည်း ဆင်ကြီး၏ အဆင်းသဏ္ဍာန်သည် လူတို့နှစ်သက်ဖွယ်ရာဖြစ်နေသောကြောင့် လူအပေါင်းတို့သည် ဆင်ကြီးကို ချစ်ခင်နှစ်သက်ကြသလို ၊ ဘုရင်မင်းမြတ်က ထိုဆင်ကြီးကို ရက်ရက်စက်စက် သတ်ပစ်မှာကိုလည်းမဖြစ်လိုကြပေ။ ထို့ကြောင့် လူတို့၏အရှင်သခင်၏ အခွင့်နှင့် ဆင်ကြီးအား မသတ်ပစ်တော့ဘဲ၊ ကျွေးမွေးပြုစုစောင့်ရှောက်ထားကြလေ၏။ မြှားဒဏ်ရာကြောင့် ခံစားရသော ဝေဒနာတို့ကိုလည်း ကုသပေးပြီးသောအခါ ဆင်ကြီးသည်လည်း ကျန်းမာကောင်းမွန်ပြီး၊ အကောင်းပကတိ ဖြစ်လာလေတော့သည်။ အခြားသော ဆင်အပေါင်းတို့ကိုလည်း ထိုဆင်ကြီးကဲ့သို့ ကျွေးမွေးပြုစု စောင့်ရှောက်ထားကြလေသည်။ ထိုအချိန်ကတည်းက ဘုရင်မင်းမြတ်နှင့်တကွ သူ၏ လူအပေါင်းတို့ရဲ့ ပြုစုစောင့်ရှောက်မှုဖြင့် ထိုဆင်ရိုင်းအုပ်ကြီးဟာ ဘုရင်နန်းတော်ထဲက ဥယာဉ်ထဲမှာ မပူမပင်၊မကြောင့်မကြ အေးအေးဆေးဆေးနှင့် အစားအသောက် အနေအထိုင်ကအစ၊ အစစအရာရာဟာ ပြည့်စုံမှုအပေါင်းနှင့် နေထိုင်စားသောက် အသက်ရှင်နေကြရလေတော့သည်။

အချိန်ကြာလာသည်နှင့်အမျှ ဘုရင်မင်းမြတ်နှင့်တကွ သူ၏ လူအပေါင်းတို့ရဲ့မေတ္တာတော်အောက်တွင် ဆင်ကြီးသည် ဆင်၏ ဇာတိစိတ်တို့သည် တဖြည်းဖြည်း ကွယ်ပျောက်သွားကာ၊ ဆင်၏ရန်ဆွယ်၊မာန်ဆွယ် အရိုင်းစိတ်တို့သည်လည်း လျော့ပါးသွားပြီး၊ မိမိသည် ဘာမျှမစွမ်းတော့ပါလား၊ မိမိအစွမ်းအစ၊ အရည်အချင်း၊ခွန်အားဟာ ဘုရင်မင်းမြတ်ရှေ့မှာ လူတို့ရှေ့မှာ ၊ ဘာမှမဟုတ်ပါလား ဆိုတာ သဲသဲကွဲကွဲ သဘောပေါက်နားလည် လာလေ၏။ ဆင်၏ မူလဖြစ်အင်နှင့် အရည်အချင်းတို့သည် လူတို့၏ ဘုရင်မင်းမြတ်လက်ထဲမှာ ဘာမှမဟုတ်ပါလား၊ ယခု ရှင်သန်နေသော အသက်သည်ပင် ဘုရင်မင်းမြတ်၏ မေတ္တာကရုဏာတော်ကြောင့်သာ ရှိနေရပြီး၊ ထိုရှင်သန်နေသောအသက်သည် ဘုရင်မင်းမြတ်ပိုင်ကြောင်း၊ သူအား သေစေ၊ ရှင်စေဟု အမိန့်တော်သည်ပင် ဘုရင်မင်းမြတ်၏ နှုတ်တော်တွင်၇ှိကြောင်း နားလည်သိ၇ှိကာ သူ၏ ဖြစ်နေခြင်းကို ပြန်လည်ဆင်ခြင်မိလေ၏။ ယခုဆို ဆင်ကြီးသည် သူကိုယ်တိုင် ရှာဖွေစားသောက်နေရခြင်းမဟုတ်ဘဲ၊ ဘုရင်၏ကျေးဇူးတော်ကြောင့် လူတို့၏ ကျွေးမွေးပြုစု စောင့်ရှောက်မှုအောက်တွင် ၊ နေထိုင် စားသောက်နေရပြီး၊ သူ့၏ အစွမ်းကြောင့်မဟုတ်၊ ဘုရင့်ကျေးဇူးတော် သက်သက်ကြောင့်ဆိုတာကို သိရှိနားလည်ခဲ့လေသည်။ ထိုကဲ့သို့ ဆက်လက် အသက်ရှင်ဖို့ဆိုရင် မိမိ၏ ဆင်ရိုင်းစိတ်တွေအားလုံးကို စွန့်လွှတ်ကာ ၊ ဘုရင်မင်းမြတ်၏ စိတ်တော်အတိုင်း ၊ ထားသည့်အတိုင်း၊ အလိုအတိုင်း နေထိုင်စားသောက်နေရုံသာရှိတော့၏လို့ စိတ်ဆုံးဖြတ်လိုက်လေတော့၏။ ထို့နောက်မှ စပြီး၊ ဆင်ကြီးသည် ယဉ်ပါးလာပြီး၊ ဘုရင်၏အခွင့်နှင့် လူတို့နေထိုင်ရာနယ်ပယ်တွင် လွတ်လပ်စွာ သွားလာခွင့် ရလေ၏။ ဆင်ကြီးသည် လူတို့အား ရန်မူခြင်းမရှိတော့ဘဲ သွားလေရာရာမှာ ပျော်ရွှင်ခြင်းအပေါင်းတို့ဖြင့် ပြည့်နှက်လျက်ရှိနေလေ၏။ လူအပေါင်းတို့သည်လည်း ဆင်ကြီး၏ ယဉ်ပါးလာခြင်း၊ သူတို့နှင့် ရင်းရင်းနှီးနှီး ဖြစ်လာခြင်းကြောင့် ပျော်ရွှင်နေကြသလို ၊ အစားအသောက်များကိုလည်း ကျွေးမွေးကြ၊ လက်တွေ မြှောက်ယမ်းကာ ဆင်ကြီးကို ကိုင်ကြည့်ကြနှင့် နန်းတွင်းမြို့တော်တစ်ခုလုံးမှာ ပျော်ရွှင်ဖွယ်ရာတွေနှင့် ပြည့်စုံစွာ ခံစားနေကြရလေတော့သည်။ ဆင်ကြီးသည်လည်း ပျော်ရွှင်ခြင်း အပေါင်းတို့ဖြင့် ချုပ်နှောင်ခြင်း၊ ထိန်းချုပ် ထားခြင်းမရှိ၊ လူတို့ဘုရင်မင်းမြတ် ပိုင်သော တိုင်းနိုင်ငံ နယ်မြေ မြို့ရွာအတွင်းဝယ် အပူအပင်မရှိ သွားလာနေထိုင် စားသောက်ပြီး အသက်ရှင်လျက်ရှိနေပေ၏။ ထိုဆင်ကြီးကဲ့သို့ အခြားသောဆင်ရိုင်းတို့ သည်လည်း လူတို့နှင့် ယဉ်ပါးလာကြပေ၏။ သူတို့သည်လည်း ချုပ်နှောင်မှုမ၇ှိသော လွတ်လပ်ခြင်းကို ခံစားလာရပေတော့သည်။

နှစ်တွေကြာလာသောအခါ ဘု၇င်မင်းမြတ်နှင့်လူအပေါင်းတို့သည် ဆင်ကြီးနှင့်တကွဆင်တွေအားလုံးကို ၄င်းတို့နေထိုင်လိုရာ၊ ပိုပြီးလွတ်လပ်သော တောအရပ် တောအုပ်ဆီသို့ ပြန်သွားခွင့်ပေးလိုက်ကြ၏။ ဆင်အပေါင်းတို့သည် ပျော်မြူးစွာဖြင့် ပြေးလွှား ခုန်ပေါက်ကာ တောအုပ်ဆီသို့ ထွက်သွားကြလေသည်။ ဆင်ရိုင်းတို့၏စရိုက်၊ဘ၀အမှန်သည် တောအရပ်မှာ ပိုပြီးလိုက်ဖက်လှပေ၏။ ဆင်တို့၏အစွမ်း၊ ဆင်တို့၏ အရည်အချင်းတို့သည်လည်း တောအရပ်မှာမှ လွတ်လပ်စွာ အသုံးချနိုင်မည်ဖြစ်ပေသည်။ တောအရပ်နှင့် တောဆင်၊ ဆင်ရိုင်းနှင့် တောအရိုင်းတို့သည် ပဏာသင့်လှပြီး၊ တောဆင်ရိုင်းဟာ တောတွင်းမှာမှ အစွမ်းပြခွင့်ရရှိကြပေသည်။ လူတို့အရှင် ဘုရင်မင်းမြတ်၏ နန်းမြို့တော်မှာတော့ ထိုအစွမ်းဟာ အချည်းအနှီးဖြစ်ပေ၏။ လူတို့ကျွေးမွေးသမျှကို စားသောက်ရကာ၊ လူတို့၏ နယ်ပယ်မှာသာ လူတွေနှင့် ပူးပူးကပ်ကပ် နေထိုင်ကြရသည်ဖြစ်သောကြောင့်၊ ဆင်ရိုင်း၏ သဘာဝဇာတိစိတ်တို့သည် ဘာမှ အသုံးမကျတော့ပေ။

ဆင်အားလုံးနှင့်အတူ ဆင်အုပ်ကြီး၏ ခေါင်းဆောင် ဆင်ကြီးကိုလည်း ပြန်လွှတ်ပေးကြလေသည်။ ဆင်အပေါင်းတို့ကလည်း ဒီအရပ်ထက် ပိုပြီး လွတ်လပ်ပျော်ရွှင်ဖွယ်ကောင်းသော တောအုပ်ထဲဆီသို့ အတူလိုက်ကြရန် ပြောကြလေ၏။ ထိုအခါ ဆင်ကြီးက “ငါသည် လူတို့အရှင်သခင် ဘုရင်မင်းမြတ်၏ နန်းမြို့တော်ရှိရာ၊ ဒီအရပ်မှ အခြားဘယ်အရပ်ကိုမျှ သွားနိုင်ခြင်း၊ သွားလိုခြင်းမ၇ှိတော့ပေ” ဟု ပြန်ပြောရှာတယ်။ လူတွေအားလုံးကလည်း ဆင်ကြီးကို သနားသွားသလို၊ ဆင်အပေါင်းတို့ကလည်း “သြော်၊ ငါတို့၏ ခေါင်းဆောင် ဆင်ကြီးသည် အစွမ်းအစမ၇ှိတော့တဲ့ဆင်ကြီးပါလား၊ မိမိကိုယ်ကို ဆင်ဆိုတာမေ့သွားပြီး၊ ဆင်တို့၏ ခွန်အား၊ ဆင်တို့၏ မာန်တွေ ဘယ်ရောက်ကုန်ပြီလည်း၊ ဆင်ဘ၀ ရောက်လာပြီး ဆင်၏ အစွမ်းခွန်အားနဲ့ တောအုပ်ထဲမှာ ကျင်လည်ကျက်စား အသက်ရှင်ရမှာ ၊ ဆင်တို့၏ ခေါင်းဆောင်လုပ်ရမှာ အရည်အချင်းမရှိတော့ပါလား။ လူတို့ကိုသာ မှီခိုပြီး၊ လူတွေ၏နယ်ပယ်မှာ ပျော်ပြီး ၊ လူတို့ကျွေးသမျှကိုသာစားသောက်၊ ရောင့်ရဲနေတဲ့ ဆင်ငပျင်းကြီး၊ ဆင်ငဖျင်းကြီး ဖြစ်သွားပါလား၊ ” ဟု သနားသောစိတ်တို့ဖြင့် ပြောဆိုကြလေ၏။

ထိုအခါ ဆင်ကြီးက “ငါသည် အမှန်တကယ်ပင် ဘာမျှမစွမ်းတော့ပေ၊ ငါ၏ ဆင်အစွမ်း၊ခွန်အား၊ဆင်၏ မာန်ဆိုတာတွေဟာ တကယ်တော့ ငါ့အတွက် ပင်ပန်းမှုတွေကို တိုးပွါးစေတဲ့ အရာတွေဖြစ်နေတယ်။ ငါ့မှာ ရှိနေတဲ့ အစွမ်း၊ခွန်အား၊သတ္တိဆိုတာတွေရဲ့ ရလဒ်ဟာ ငါဝမ်းစာအတွက်ပဲဖြစ်တယ်။ ငါအသက်ဆက်ရှင်နိုင်ဖို့၊ ငါ့ဝမ်းစာပြည့်ဖို့ အတွက်လောက်ပဲ သုံးလို့ရတယ်။ ထို ဆင်၏ အစွမ်း၊ခွန်အား၊သတ္တိဆိုတာတွေနဲ့ လုံးချာလည်နေရတဲ့ ငါ့ဘ၀အသက်တာတစ်လျှောက်လုံးဟာ ၊ ငါ့အတွက်၊ လောကပတ်ဝန်းကျင်အတွက် ၊ ကောင်းကျိုးချမ်းသာ ပျော်ရွှင်ဖွယ်ရာဆိုတာထက် ၊ နာကြည်းကြေကွဲ ၀မ်းနည်းစရာတွေကိုသာ ပိုပြီးတွေ့ကြုံခံစားခဲ့ကြရတယ်။ ယခု ငါသည် လူတို့၏ အရှင်သခင် ဘုရင်မင်းမြတ်၏ နိုင်ငံ၊ နန်းမြို့တော်အတွင်းမှာ အတားအဆီး၊ အချုပ်အနှောင်မရှိ ၊ သွားလာနိုင်ပြီး၊ လူအပေါင်းတို့နှင့် ချစ်ခင်ရင်းနှီးစွာ သွားလာနေထိုင် စားသောက် အသက်ရှင်နေရခြင်းသည်ပင်၊ ငါအတွက်၊ လူတွေအတွက်၊ ဘုရင်မင်းမြတ်အတွက် ပျော်၇ွှင်စရာကောင်းတဲ့ အရာတွေဖြစ်တယ်။ သူတို့ကျွေးတာစား၊ သူတို့နှင့်အတူ နေထိုင်နေရတာကိုက သူတို့အတွက် ပျော်စရာဖြစ်စေသလို ၊ ငါအတွက်သည်လည်း သူတို့အဖို့ အသုံးကျတဲ့ မိတ်ဆွှေတစ်ယောက်လို၊ သူတို့လိုပဲ လူကဲ့သို့ ချစ်ခင်ခြင်းကို ခံစားရလေတယ်။ ငါ၏အသက်သည် ဘုရင်မင်းမြတ်ပိုင်တဲ့အသက်ဖြစ်တယ်။ ဘု၇င်မင်းမြတ်က သတ်ပိုင်သလို။ လွှတ်ပိုင်သော အရှင်သခင်ဟာ ဘုရင်မင်းမြတ်ဖြစ်ပါတယ်။ ငါအသက်ရှင်ဖို့အတွက်၊ ငါ့ဝမ်းစာအတွက် ပိုပြီးထူးခြားတဲ့နေရာအရပ်ဒေသဟာ အဘယ်မှာမှ မရှိတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ငါသည် ဆင်တို့၏ မာန်၊ဆင်တို့၏ ကိုယ်ပိုင်အစွမ်းအစတို့သည်လည်း ပျောက်ဆုံးကုန်ကာ၊ အချည်းအနှီးဖြစ်နေပေပြီ။ လူတို့အရှင်သခင်၏ မြို့တော် ဒီအရပ်၊ ရှင်ဘုရင်၏ အရိပ်အာဝါသအောက်မှာနေထိုင် စားသောက် အသက်ရှင်နေရခြင်းထက်ပင် ပိုပြီးထူးခြားသော အရပ်ဒေသ နေရာ မရှိတော့သလို ၊ ထိုထက် ဘာမျှ မလိုအပ်တော့ပေ။ ဘယ်နေရာတွင် နေရနေရ ငါ၏ ကိုယ်ပိုင်အစွမ်းအစနှင့် မာန်မာနတို့သည် မရှိလေသောကြောင့် ဘာမှ ထူးပြီးဖြစ်မလာတော့ပေ။ ငါ့အသွေး အသားအတွင်းမှ တောဆင်ရိုင်းတို့၏ ကိလေသာမာန်၏ ချုပ်နှောင်ခြင်းမှ လွတ်မြောက်သွားပြီး၊ ငါ့၏ စိတ်နှလုံးအားချုပ်နှောင်ထားနိုင်သမျှအရာတို့သည် ဒီအရပ်မှာပင် ဘာမျှမရှိလေသောကြောင့်၊ လွှတ်ခြင်းအခွင့်နှင့် အသက်ရှင်ခြင်းအတွက် ဒီအရပ်ထက်ကောင်းသော အရပ်သည်ပင် အဘယ်မှာမှ မရှိတော့ပေ။ ဒီအရပ်တွင် ငါသည် ဘယ်လိုပင်နေရသည်ဖြစ်စေ၊ ငါနေမည်၊ လူတို့အရှင်သခင် ဘုရင်မင်းမြတ်သည် ငါ့ကိုသတ်ဖို့ အမိန့်ပေးပြီး လူတို့အား သတ်ခိုင်းစေဦးတော့ ငါသည် လူတို့ဘုရင်၏ အလိုကို ဆောင်တော့မည်။

အမှန်တကယ်တော့ အဘယ်အရပ်သည် လွတ်လပ်ပြီး ပျော်ရွှင်ဖွယ်ရာကောင်းသောအရပ်၊ အဘယ်အရပ်သည် ငါတို့နှင့် သင့်တော်ကာ၊ ငါတို့၏ အစွမ်းခွန်အားသည် အဘယ်နေရာတွင် အသုံးချရတာ ပိုမိုကောင်းမွန်သည် ဆိုစေဦးတော့၊ ငါတို့၏ရင်တွင်နှလုံးသားနှင့် အသွေးအသားထဲက အနိုင်ယူလိုမှု၊ ဗိုလ်ကျစိုးမိုးလိုမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊အတ္တ၊မာန်မာနတွေ၏ လွှမ်းမိုးချုပ်နှောင်ခြင်းတွေမှ မိမိကိုယ်တိုင် မလွတ်မြောက်နိုင်သမျှ ကာလပတ်လုံး ၊ အဘယ်အရပ်မှာမှသည် လွတ်လပ်ပျော်ရွှင်ဖွယ်ကောင်းခြင်း အလျင်းမရှိနိုင်ပေ။”

“ယခု ငါ၏ အသွေးအသားနှင့် အတွင်းနှလုံးသားထဲက ပျောက်ဆုံးသွားတဲ့ ဆင်ရိုင်းတို့၏ ကိလေသာမာန်တို့သည်လည်း ငါ၏ အစွမ်းကြောင့်၊ ငါ၏ အကျင့်ကြောင့်မဟုတ်ပြန်ပေ။ လူတို့အရှင်သခင် ဘုရင်မင်းမြတ်၏ လက်တော်နှင့် ပစ်ခတ်လိုက်တဲ့ မြှားချက်ကြောင့် ၊ ငါ၏ တောဆင်ရိုင်းဘ၀အမှန်သည် အဆုံးသတ်ခဲ့ရပြီး၊ ထိုဘုရင်၏ ကရုဏာမေတ္တာတော်ကြောင့်ပင် ငါ၏ အသက်မသေဘဲ၊ သူ၏ ပြုစုကုသပေးမှုကြောင့် ငါသည် ပြန်လည်ကျန်းမာလာကာ အကောင်းပကတိ ဖြစ်ခဲ့ရကာ ၊ လူတို့၏ အရပ်နယ်ပယ်တွင် လွတ်လပ်စွာ သွားလာ နေထိုင်ခွင့်ရပြီး၊ ဘုရင်မင်းမြတ်၏ အခွင့်ဖြင့် လူတို့၏ ကျွေးမွေးပြုစု စောင့်ရှောက်မှုတို့အောက်မှာ အဆီးအတား အချုပ်အနှောင်မရှိ အသက်ရှင်နေထိုင်ရလေ၏။”

“အဘယ်အရပ်မှာ နေရသည်ဖြစ်စေ၊ ငါတို့အတွင်းစိတ်နှလုံးမှာ လွှတ်ခြင်းအခွင့်နှင့် အသက်ရှင်သန် နေရခြင်းသည်ပင် ငါတို့အတွက် အရေးအကြီးဆုံးသော အချက်ဖြစ်ပေသည်။ အခြားအရာတို့သည် လိုအပ်သော်လည်း ၊ လွှတ်ခြင်းချမ်းသာ မရှိသောရှင်သန်ခြင်းသည် အချည်းအနှီးဖြစ်ပေ၏။ သင်တို့သည် ဘယ်အရပ်ကို သွားလိုပြီး၊ အဘယ်အရပ်မှာ နေလိုကြသနည်း၊ အဘယ်သို့သော အသက်ရှင်သန်ခြင်း အသက်တာ ကို လိုချင်သနည်း၊ လိုအပ်သနည်း။ ” ချစ်သား၊ သင်သည်လည်း ဘယ်အရပ်ကို သွားလိုပြီး၊ အဘယ်အရပ်မှာ နေလိုသနည်း၊ အဘယ်သို့သော အသက်ရှင်သန်ခြင်းအသက်တာ ကို လိုချင်သနည်း၊ လိုအပ်သနည်း။

လူသည် ဒီစကြာဝဠာကို အကြွင်းမဲ့အစိုးရပြီး၊ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း၊

ကြားတက်သော ဥာဏ်နားရှိသူတိုင်း ကြားတက်ပါစေ။

ယေရှုခရစ်၏ ချစ်ခြင်းမေတ္တာဖြင့်

DARAGRA Burma

28-01-2010

 



Want to review or comment on this article?
Click here to login!


Need a FREE Reader Membership?
Click here for your Membership!


Popular Family Articles
  1. A Last Letter from Dear Old Dad
  2. Grandfather's Ramblings / Comentarios del
  3. Another Father's Day--Another Tie
  4. All in a day's work!
  5. BAIL-OUT VETS FUND
  6. The Women In Our Lives
  7. Cats are Smarter than you Know.
  8. It's Coming, It's ready, It's Here!
  9. Hi Mom.
  10. Family Heartbreak

Paternity and American Law by Rosemarie Skaine

Family form is changing and the law is struggling to keep pace...  
BookAds by Silver, Gold and Platinum Members

Gifts by Helen Vandepeer

A christmas story for children of all ages that can be enjoyed anytime of the year.Easy large print..  
BookAds by Silver, Gold and Platinum Members

Authors alphabetically: A B C D E F G H I J K L M N O P Q R S T U V W X Y Z

Featured Authors | New to AuthorsDen? | Add AuthorsDen to your Site
Share AD with your friends | Need Help? | About us


Problem with this page?   Report it to AuthorsDen
AuthorsDen, Inc. All rights reserved.